All The Info
🇲🇲 Traveller , Travel Photography , Blogger 🇲🇲):Adventure 🌊 🎢🏃🏂🏄🚵):Environmental 🔰🏡📍♨🚩):Nature Touching 🍀🌳🍁🌱🍃
🇲🇲 Traveller , Travel Photography , Blogger 🇲🇲I founded HAN LINN " Travelog " with a mission to give others a taste of what goes on in my mind, and I have been at it ever since.Take some time to explore the blog, read something interesting, and reach out if you would like to collaborate on a project together.

ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့ ရေခဲရာနေရာ(ဘားနပ်စ်)ရွာလေးစီသို့အလည်တစ်ခေါက်.....
Bar Net Village Review
ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့ ရေခဲရာနေရာ(ဘားနပ်စ်)ရွာလေးစီသို့အလည်တစ်ခေါက်.......မိုးကုတ်မြို့လေးသည် တောင်များ ပတ်လည်ဝန်းရံနေကာ ၁၂ရာသီ ပတ်လုံး အေးမြသောရာသီဥတုနှင့် သမိုင်းဝင်စေတီပုထိုးမြောက်များစွာနှင့် ထူးခြားစွာတည်ရှိေိနခဲ့ပြီး..
တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကာ ကမ္ဘာကျော် ပတ္တမြားကျောက်များ အပါအဝင် အဖိုးတန်ကျောက်မျက်ရတနာများ စုံလင်စွာ နိုင်ငံတွင်း အများဆုံး ထွက်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်း ကျွန်တော် လေ့လာမှတ်သားဖူးပါတယ်။
ကျွန်တော်သည် မိုးကုတ်မြို့သို့ သွားရောက် အစီစဉ်ဆွဲကာ မန်းတလေးမှတစ်ဆင့် ပြင်ဦးလွင်သို့ သွားရောက်ခဲ့ပါတယ်။
ကျွန်တော် သွားသောအချိန်ကာလသည် ကျနော် ခရီးစဉ်အများဆုံးသွားလေ့ရှိသော ဒီဇင်ဘာလဖြစ်သောကြောင့် ရာသီဥတုမှာ ကျနော်တို့ ရန်ကုန်သားများအဖို့ ပြောမကုန် အရသာလေးတစ်ခုပေါ့နော်...
ကျနော် ပြင်ဦးလွင်သို့ ရောက်နေချိန်တွင် မိုးကုတ်သို့ဆက်သွားရန်အတွက် စီစဉ်ထားမူမှာ ပိုမို ခိုင်မာလာစေခဲ့သော အကြောင်းလေးတစ်ခု ရှိလာခဲ့ပါတယ်..အဲ့အကြောင်းအရာလေးကတော့ ကျနော် မျှဝေချင်တဲ့ " ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့ ရေခဲရာနေရာ(ဘားနပ်စ်)ရွာလေးစီသို့အလည်တစ်ခေါက်..." ဆိုတာလေးဖြစ်ပါတယ်...
ဒီနေရာလေးဟာ မိုးကုတ်မြို့သူမြို့သားတွေအတွက် သိပ်မစိမ်းလှတဲ့နေရာလေးဆိုပေမယ့် ကျနောတို့ အောက်ပြည်နေသူများအတွက် ရေခဲတဲ့ နေရာလေးဆိုတာ စိတ်ဝင်စားစရာ ဒေသလေးဖြစ်မယ်ဆို မမှားလောက်ဘူးထင်မိပါတယ်။
တစ်ခုပဲ ပြောစရာရှိတာက ယင်း ဒေသ၏ အပူချိန်လေးကို လေ့လာပြီးသွားရင်တော့ ပိုမို အသက်ဝင်စေတယ် ဗျာ...
ကျနော်သွားတဲ့ အချိန်ဟာ ဒီဇင်ဘာလရဲ့နောက်ဆုံး သီတင်းပတ် ၊ ကံကောင်းစွာနဲ့ပဲ အဲ့ဒေသလေးရဲ့ အနိမ့်ဆုံး အပူချိန်ဖြစ်နေသောကြောင့် ဒီ review လေးဖြစ်ပေါ်လာရခြင်းဆိုရင် မမှားပါဘူး...
အဲ့ နေရာလေးကတော့
ဘားနပ်စ် ဒေသအခေါ် ရွာသာယာကျေးရွာ ၊ ( ဘားနပ်စ် )ပြောက်ခေါင်းဘားနပ်စ် ကျေးရွာလေးဖြစ်ပြီးထူးဆန်းစွာပင် နေလမ်းကြောင်းနှင့် အဝေးဆုံး နေရာတစ်နေရာဖြစ်သည့်အတွက်ကြောင့် ပျှမ်းမျှအပူချိန်တို့ထက် 0 ဒီဂရီစင်တီဂရိတ် နှင့် အနှုတ် ဒီဂရီစင်တီဂရိတ် အောက်သို့ လျော့ကျနေခြင်းကြောင့် ရေများ ခဲနေတက်ခြင်းဖြစ်ပါတယ်..
ဘားနပ်စ် ကျေးရွာ သည် မိုးကုတ်မြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး မိုးကုတ်မြို့နှင့် ဆယ်မိုင်ခန့် အကွာတွင်တည်ရှိသော ကျေးရွာလေးတစ်ရွာဖြစ်ပါတယ်။ထို ကျေးရွာတွင် ရှေးနှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အင်္ဂလိပ် စစ်သချိုင်း တစ်ခုရှိနေသောကြောင့်လဲ ထိုကျေးရွာလေးသို့ လာရောက်လည်ပတ်သူများအတွက် ဆွဲဆောင်မူတစ်ခုဖြစ်ပေါ်စေပါတယ်...
ခရီးစဉ်အနေဖြင့်...
မိုးကုတ်မြို့အနောက်ဖက်သို့ ကား (သို့) ဆိုင်ကယ်တို့ဖြင့် ၁၀မိုင်ခန့် တောင်တက်လမ်းအတိုင်းသွားကာ ရေခဲသော အချိန်ကို အမှီသွားရောက်ရန် မိုးကုတ်ကနေ မနက်၄:၃၀ . ၅ နာရီ လောက် စတင်ထွက်မှ အဆင်ပြေ ချောမွေ့စွာ ဘားနပ်စ် ရွာလေးသို့ ရောက်ရှိမည်ဖြစ်ပါတယ်..
နေမထွက်ခင် ရူ့ခင်းများနှင့် နေထွက်လာစ ရူခင်းများသည်ပင် မှော်ဆရာ ဖမ်းစားထားသလို စီးမျောစေပြီး အေးခဲနေသော ခြေထောက်များဖြစ်နေသည့်တိုင် သတိမမူမိပဲ ကျနော့ ဝါသနာအရ 📷 ဓာတ်ဖမ်းနေမိခဲ့ခြင်းဟာလဲ ဒီ review လေး ပိုမိုအသက်ဝင်စေရန်အတွက် အဓိက အထောက်အပံ့လေး ဖြစ်စေခဲ့ပါတယ်...
ကျနော် ရောက်သွားသည့် နေ့မှတော့ ထူးဆန်းစွာ ဘားနပ်ဈေးနေ့နှင့် ကြုံတွေ့ရခြင်းကြောင့် လာရောက်လည်ပတ်သူများ ဒေသခံဈေးသည်များဖြင့် ပိုမိုစည်ကားစွာ ကျနော့ဘဝအတွက် ပျော်စရာအမှတ်တရ ခရီးလေးတစ်ခု ဖြစ်စေခဲ့ရပါတယ်...
ဘားနပ်ဈေးနေ့ဖြစ်သောကြောင့် ဒေသထွက်ဟင်းသီးဟင်းရွက်များ ၊ ဒေသထွက် မနက်စာများ ၊ ဒေသထွက် အသုံးအဆောင်များ နဲ့ ဒေသခံဈေးသည်များ အလည်ပတ်လာရောက်သော သူများနဲ့ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ဘားနပ်စ် ရွာလေးဟာ အထူးစည်ကားလျက် ကဗျာဆန်ဆန် သဘာဝဆန်စွာ အလှအပတွေနဲ့ ကျနော့ စိတ်နှလုံးကို ထပ်မံ ဖမ်းစားနိုင်ခဲ့ပါတယ်...
ဆက်၍ မအေးနိုင် မခဲနိုင် ဓာတ်ဖမ်း 😊 ၊ သဘာဝအလှရဲ့ အလှတရားကြီးအား အပြည့်အဝ ခံစားပြီး မနက်စာ စားသောက်ကာ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အင်္ဂလိပ် စစ်သချိ ၤူင်းသို့် ဆက်လက်ချီတက်ကာ ဘားနပ်က အပြင်ခရီးလမ်း တစ်လျှောက်မှာတော့ အသွားက မကြုံတွေ့ရသေးသော လှပတဲ့ တောင်တန်းတွေ ၊ ကျောက်ဆောင်တွေ ၊ ဒေသအခေါ် View points ၊ မိုးကုတ်မြို့ရဲ့ တိမ်ပင်လယ် ရူခင်းများအား တစ်ဝကြီး ခံစားရင်း ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့၏ ရေခဲရာနေရာ(ဘားနပ်စ်)ရွာ စီသို့...... ခရီးစဉ်လေးကို အဆုံးသတ်ကာ ကျနော့ရဲ့ ဒီခရီးစဉ် မှတ်တမ်းလေး review ကို နိဂုံးချုပ်ပါရစေနော်...
*နောက် ထပ်မံသွားရောက်မည့် ခရီးစဉ်များကို လေ့လာမှတ်သားမိသလောက် ထပ်မံ တင်ဆက်ရေးသားပေးပါမယ် ခင်မျ...
#ခရီးစဉ်အသေးစိတ်အကြောင်းအရာကို ပိုမိုသိလိုသူများ m.me/hanlinntravelog မှတစ်ဆင့် မေးမြန်နိုင်ပါတယ်...#ကျနော် တတ်နိုင်သမျှ ခရီးစဉ်အသေးစိတ်နှင့် ကုန်ကျစရိတ်များအား ခန့်မှန်း၍ စိတ်ဝင်စားသော သူငယ်ချင်းများ သွားရောက်လည်ပတ်နိုင်စေရန် ဆန္ဒပြု တင်ဆက်ရေးသားပေးလိုက်ပါတယ်။...HAN LINN " Travelog "#Mogok #BarNet_Village #review #December_26_2018All Rights Reserved By HAnLiN®
.....
[ Zawgyi ]
ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့ ရေခဲရာနေရာ(ဘားနပ်စ်)ရွာလေးစီသို့အလည်တစ်ခေါက်.......မိုးကုတ်မြို့လေးသည် တောင်များ ပတ်လည်ဝန်းရံနေကာ ၁၂ရာသီ ပတ်လုံး အေးမြသောရာသီဥတုနှင့် သမိုင်းဝင်စေတီပုထိုးမြောက်များစွာနှင့် ထူးခြားစွာတည်ရှိေိနခဲ့ပြီး..
တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကာ ကမ္ဘာကျော် ပတ္တမြားကျောက်များ အပါအဝင် အဖိုးတန်ကျောက်မျက်ရတနာများ စုံလင်စွာ နိုင်ငံတွင်း အများဆုံး ထွက်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်း ကျွန်တော် လေ့လာမှတ်သားဖူးပါတယ်။
ကျွန်တော်သည် မိုးကုတ်မြို့သို့ သွားရောက် အစီစဉ်ဆွဲကာ မန်းတလေးမှတစ်ဆင့် ပြင်ဦးလွင်သို့ သွားရောက်ခဲ့ပါတယ်။
ကျွန်တော် သွားသောအချိန်ကာလသည် ကျနော် ခရီးစဉ်အများဆုံးသွားလေ့ရှိသော ဒီဇင်ဘာလဖြစ်သောကြောင့် ရာသီဥတုမှာ ကျနော်တို့ ရန်ကုန်သားများအဖို့ ပြောမကုန် အရသာလေးတစ်ခုပေါ့နော်...
ကျနော် ပြင်ဦးလွင်သို့ ရောက်နေချိန်တွင် မိုးကုတ်သို့ဆက်သွားရန်အတွက် စီစဉ်ထားမူမှာ ပိုမို ခိုင်မာလာစေခဲ့သော အကြောင်းလေးတစ်ခု ရှိလာခဲ့ပါတယ်..အဲ့အကြောင်းအရာလေးကတော့ ကျနော် မျှဝေချင်တဲ့ " ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့ ရေခဲရာနေရာ(ဘားနပ်စ်)ရွာလေးစီသို့အလည်တစ်ခေါက်..." ဆိုတာလေးဖြစ်ပါတယ်...
ဒီနေရာလေးဟာ မိုးကုတ်မြို့သူမြို့သားတွေအတွက် သိပ်မစိမ်းလှတဲ့နေရာလေးဆိုပေမယ့် ကျနောတို့ အောက်ပြည်နေသူများအတွက် ရေခဲတဲ့ နေရာလေးဆိုတာ စိတ်ဝင်စားစရာ ဒေသလေးဖြစ်မယ်ဆို မမှားလောက်ဘူးထင်မိပါတယ်။
တစ်ခုပဲ ပြောစရာရှိတာက ယင်း ဒေသ၏ အပူချိန်လေးကို လေ့လာပြီးသွားရင်တော့ ပိုမို အသက်ဝင်စေတယ် ဗျာ...
ကျနော်သွားတဲ့ အချိန်ဟာ ဒီဇင်ဘာလရဲ့နောက်ဆုံး သီတင်းပတ် ၊ ကံကောင်းစွာနဲ့ပဲ အဲ့ဒေသလေးရဲ့ အနိမ့်ဆုံး အပူချိန်ဖြစ်နေသောကြောင့် ဒီ review လေးဖြစ်ပေါ်လာရခြင်းဆိုရင် မမှားပါဘူး...
အဲ့ နေရာလေးကတော့
ဘားနပ်စ် ဒေသအခေါ် ရွာသာယာကျေးရွာ ၊ ( ဘားနပ်စ် )ပြောက်ခေါင်းဘားနပ်စ် ကျေးရွာလေးဖြစ်ပြီးထူးဆန်းစွာပင် နေလမ်းကြောင်းနှင့် အဝေးဆုံး နေရာတစ်နေရာဖြစ်သည့်အတွက်ကြောင့် ပျှမ်းမျှအပူချိန်တို့ထက် 0 ဒီဂရီစင်တီဂရိတ် နှင့် အနှုတ် ဒီဂရီစင်တီဂရိတ် အောက်သို့ လျော့ကျနေခြင်းကြောင့် ရေများ ခဲနေတက်ခြင်းဖြစ်ပါတယ်..
ဘားနပ်စ် ကျေးရွာ သည် မိုးကုတ်မြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး မိုးကုတ်မြို့နှင့် ဆယ်မိုင်ခန့် အကွာတွင်တည်ရှိသော ကျေးရွာလေးတစ်ရွာဖြစ်ပါတယ်။ထို ကျေးရွာတွင် ရှေးနှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အင်္ဂလိပ် စစ်သချိုင်း တစ်ခုရှိနေသောကြောင့်လဲ ထိုကျေးရွာလေးသို့ လာရောက်လည်ပတ်သူများအတွက် ဆွဲဆောင်မူတစ်ခုဖြစ်ပေါ်စေပါတယ်...
ခရီးစဉ်အနေဖြင့်...
မိုးကုတ်မြို့အနောက်ဖက်သို့ ကား (သို့) ဆိုင်ကယ်တို့ဖြင့် ၁၀မိုင်ခန့် တောင်တက်လမ်းအတိုင်းသွားကာ ရေခဲသော အချိန်ကို အမှီသွားရောက်ရန် မိုးကုတ်ကနေ မနက်၄:၃၀ . ၅ နာရီ လောက် စတင်ထွက်မှ အဆင်ပြေ ချောမွေ့စွာ ဘားနပ်စ် ရွာလေးသို့ ရောက်ရှိမည်ဖြစ်ပါတယ်..
နေမထွက်ခင် ရူ့ခင်းများနှင့် နေထွက်လာစ ရူခင်းများသည်ပင် မှော်ဆရာ ဖမ်းစားထားသလို စီးမျောစေပြီး အေးခဲနေသော ခြေထောက်များဖြစ်နေသည့်တိုင် သတိမမူမိပဲ ကျနော့ ဝါသနာအရ 📷 ဓာတ်ဖမ်းနေမိခဲ့ခြင်းဟာလဲ ဒီ review လေး ပိုမိုအသက်ဝင်စေရန်အတွက် အဓိက အထောက်အပံ့လေး ဖြစ်စေခဲ့ပါတယ်...
ကျနော် ရောက်သွားသည့် နေ့မှတော့ ထူးဆန်းစွာ ဘားနပ်ဈေးနေ့နှင့် ကြုံတွေ့ရခြင်းကြောင့် လာရောက်လည်ပတ်သူများ ဒေသခံဈေးသည်များဖြင့် ပိုမိုစည်ကားစွာ ကျနော့ဘဝအတွက် ပျော်စရာအမှတ်တရ ခရီးလေးတစ်ခု ဖြစ်စေခဲ့ရပါတယ်...
ဘားနပ်ဈေးနေ့ဖြစ်သောကြောင့် ဒေသထွက်ဟင်းသီးဟင်းရွက်များ ၊ ဒေသထွက် မနက်စာများ ၊ ဒေသထွက် အသုံးအဆောင်များ နဲ့ ဒေသခံဈေးသည်များ အလည်ပတ်လာရောက်သော သူများနဲ့ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ဘားနပ်စ် ရွာလေးဟာ အထူးစည်ကားလျက် ကဗျာဆန်ဆန် သဘာဝဆန်စွာ အလှအပတွေနဲ့ ကျနော့ စိတ်နှလုံးကို ထပ်မံ ဖမ်းစားနိုင်ခဲ့ပါတယ်...
ဆက်၍ မအေးနိုင် မခဲနိုင် ဓာတ်ဖမ်း 😊 ၊ သဘာဝအလှရဲ့ အလှတရားကြီးအား အပြည့်အဝ ခံစားပြီး မနက်စာ စားသောက်ကာ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အင်္ဂလိပ် စစ်သချိ င်္ူင်းသို့် ဆက်လက်ချီတက်ကာ ဘားနပ်က အပြင်ခရီးလမ်း တစ်လျှောက်မှာတော့ အသွားက မကြုံတွေ့ရသေးသော လှပတဲ့ တောင်တန်းတွေ ၊ ကျောက်ဆောင်တွေ ၊ ဒေသအခေါ် View points ၊ မိုးကုတ်မြို့ရဲ့ တိမ်ပင်လယ် ရူခင်းများအား တစ်ဝကြီး ခံစားရင်း ရေခဲပြင်ကြီးရှိရာ (သို့) မိုးကုတ်မြို့၏ ရေခဲရာနေရာ(ဘားနပ်စ်)ရွာ စီသို့...... ခရီးစဉ်လေးကို အဆုံးသတ်ကာ ကျနော့ရဲ့ ဒီခရီးစဉ် မှတ်တမ်းလေး review ကို နိဂုံးချုပ်ပါရစေနော်...
*နောက် ထပ်မံသွားရောက်မည့် ခရီးစဉ်များကို လေ့လာမှတ်သားမိသလောက် ထပ်မံ တင်ဆက်ရေးသားပေးပါမယ် ခင်မျ...
#ခရီးစဉ်အသေးစိတ်အကြောင်းအရာကို ပိုမိုသိလိုသူများ m.me/hanlinntravelog မှတစ်ဆင့် မေးမြန်နိုင်ပါတယ်...#ကျနော် တတ်နိုင်သမျှ ခရီးစဉ်အသေးစိတ်နှင့် ကုန်ကျစရိတ်များအား ခန့်မှန်း၍ စိတ်ဝင်စားသော သူငယ်ချင်းများ သွားရောက်လည်ပတ်နိုင်စေရန် ဆန္ဒပြု တင်ဆက်ရေးသားပေးလိုက်ပါတယ်။...#HAN LINN " Travelog "#Mogok #BarNet_Village #review #December_26_2018All Rights Reserved By HAnLiN®
Contact
Thanks for your interest in HAN LINN " Travelog ". For more information, feel free to get in touch and I will get back to you soon!
Yangon
09960061400